About
English Composition မှာ Task အများစုက Reading and Writing ပိုင်းများပါတယ်။ နောက်ပိုင်း week 6,7,8 လောက်မှာ Listening လေး ၁ မိနစ်ကျော်ကျော်စာလောက်ထည့်ထားပေးပါတယ်။ Final Exam လဲရောက်ရော listening ပိုင်း တော်တော်ပါတယ်လို့ပြောလို့ရပါတယ်။ College level ဝင်လာပြီဖြစ်တဲ့အတွက် paper ရေးနည်း Guideline တွေ plagiarism မထိအောင်လုပ်ရမယ့် ပုံစံတွေကို လေ့လာရပါတယ်။
Course မှာသင်ရမယ့် Unit တွေကို Course Overview မှာလဲ ဖော်ပြပေးထားပါတယ်။
Reading (Discussion Forum) & Writing (Written Assignment)
Short stories တွေဖတ်ပြီးတော့ review ပြန်ရေးရတဲ့အပိုင်းဖြစ်ပြီး academic paper ရေးပုံရေးနည်းကိုလေ့လာရမှာဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ Topic တစ်ခုကို essay ရေးရမှာပါ။
Peer Assessment
Reading လုပ်ပြီး discuss လုပ်ထားတဲ့အပေါ် နဲ့ writing assignment မှာ ကျောင်းသားအချင်းချင်း အကဲဖြတ်အမှတ်ပေးရတဲ့အပိုင်းပါ ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ UoPeople မှာ စာနဲ့ ပတ်သတ်တဲ့ pressure ထက် peer assessment က တော်တော် irritating ဖြစ်ဖို့ကောင်းပါတယ်။ နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ exclude လုပ်ဖို့တော့ မျှော်လင့်ပါတယ်။
Learning Journal
Instructor ကို တိုက်ရိုက် တင်ရတဲ့ assignment ပါ။ သဘောကောင်းတဲ့ instructor၊ အမှတ်ပေး ကပ်စည်းမနဲတဲ့ Instructor ဆိုရင်တော့ အမှတ်ကောင်းတာပေါ့။ ဒီကနေ ရသမျှ score ရဲ့ 20% တောင်ယူတာဆိုတော့ ကောင်းကောင်းလုပ်ပြီးတင်ပါလို့။
-------------------------------------------------------------------------------------------------------------------
Grading
ရှေ့က discussion forum, written assignment, learning journal က အမှတ်တွေပါသယ်သွားတာပါ။ ဒီဟာတွေအမှတ်ကောင်းရင် ကောင်းသလို final exam နဲ့ပေါင်းပြီး အောင်သွားနိုင်ပါတယ်။ အမှန်တိုင်းပြောရရင် English စာ အားနည်းတဲ့သူဆိုရင် pass ဖြစ်နိုင်ချေနည်းတယ်လို့ပြောလို့ရပါတယ်။
တစ်ခု သတိထားရမှာက discussion forum နဲ့ written assignment တွေမှာ peer-to-peer assess ဖြစ်တော့ တစ်ချို့တွေ fair ဖြစ်သလို တစ်ချို့တွေက fair မဖြစ်ကြဘူး။ ကိုယ်ကလွဲပြီးသူများကိုဆို လျော့ပေးမယ်ဆိုတာတွေရှိပါတယ်။
Spelling, punctuation သေးသေးလေးကအစ အမှားလိုက်ရှာ၊ ထောက်ပြီး negative comment ပေးတာတွေရှိပါတယ်။
-------------------------------------------------------------------------------------------------------------------
How to Pass the Course
ကိုယ်တွေ တက်နေတုန်းကတော့ Discussion Assignment ကို မြန်ရင် မြန်နိုင်သမျှ upload လုပ်ပေမယ့်၊ peer assess တွေက ထင်သလောက်မပေးကျဘူး။
အဲ့တာကြောင့် deadline နီးခါမှတင်ဖြစ်တယ် - အမှတ်ပိုရတာကိုတွေ့ရပါတယ်။ deadline နီးခါမှတင်တော့ peer တွေက rate လုပ်နိုင်ဖို့ ကပ်သွားတော့ instructor က rating ပေးပါတယ်။ အဲ့အခါ အမှတ်များပါတယ်။ အထူးသဖြင့် discussion forum ပါ။ ဒါတစ်နည်း။
ကိုယ့် class အထဲမှာ တွေ့ခဲ့ရတာတွေပါ။ Peer to peer assess လုပ်ပြီး grade ပေးတာဆိုတော့ သူများအမှားကိုပဲ သေးသေးလေးကစ ရှာပြီး low grade ပေးမယ်၊ ငါကလွဲပဲ low grade ပေးမယ်ဆိုတာတွေကြုံရပါတယ်။
ကိုယ်လဲ ကောင်းကောင်းရေးတာပဲကို မရှိ ရှိတဲ့ အပြစ်ပဲ ရှာနေကြတယ်။ UOPeople ကြီးက Bulls*** ပေါ့နော်။ Withdraw လုပ်မယ်။ ကျန်တာလဲဆက်မတက်တော့ဘူးဆိုပြီးလည်း ဒီကြားထဲဖြစ်ခဲ့သေးပါတယ်။ ဒါပေမယ့်လည်း အလကားနေရင်း US education တစ်ခုရတာနဲလားပေါ့နော် ဆိုပြီး လုပ်ခဲ့လိုက်တာ Duolingo 120, English Score C1 (Advance) ရပေမယ့် UoPeople မှာတော့ Grade B နဲ့ပဲ pass ဖြစ်သွားပါတယ်။
ပြီးတော့ အကြံပေးချင်တာက discussion forum တွေမှာ သူများ topic အောက်မှာ response လုပ်မယ်ဆိုရင် သူတို့ဖြေထားတာ ဘယ်လိုကောင်းကြောင်း၊ အဲ့ကနေ ဘယ်လို့ learning ရကြောင်း၊ good job, nicely done တွေ အမွန်းတင်တာ ကိုယ့်ကိုလဲ အကောင်းမြင်နိုင်ပြီး rating ကောင်းကောင်းပေးနိုင်ပါတယ်။ Written Assignment ကတော့ anonymous ဆိုတာ peer က ပေးတဲ့ assessment ကို စိတ်တိုင်းမကျရင် instructor ကို demand လုပ်ကြည့်ပါ။ Instructor က ပြန်ညှိပေးပါတယ်။
ပြီးတော့ group ထဲက participant တစ်ချို့နဲ့ contact ရှယ်ပြီး မိတ်ဖွဲ့ချင် မိတ်ဖွဲ့ထားနိုင်ပါတယ်။
Final exam မှာ listening တွေတော်တော်များများမေးတော့ listening အားနဲတဲ့သူဆိုရင် ကိုယ်ကိုတိုင် improve လုပ်ထားမှရပါမယ်။ ငယ်ငယ်ကလို သင်တာပဲကျက် သင်ထားတာပဲမေးမယ် ဆိုတဲ့ Education ကို လျှောက်လှမ်းနေတာ မဟုတ်တော့ self-study နဲ့ self-improvement က အကောင်းဆုံးပါ။ သင်တာတွေပဲ မလုပ်ပဲ အခြား movie ကြည့်ရင် listening improve လုပ်တာတို့၊ vocab အသစ်တွေလေ့လာတာတို့လုပ်ပါ။
Sofía English ဘယ်လိုလေ့လာခဲ့လဲဆိုတာကိုလဲ နောက် aritcle တစ်ခု အနေနဲ့တင်ပေးသွားပါမယ်။
-------------------------------------------------------------------------------------------------------------------