English Proficiency Requirement
English Composition ကို မသင်ချင်ဘူး course ကို တိုက်ရိုက်တန်းပြီးတက်ချင်တဲ့သူတွေအတွက် သူတို့ လက်ခံတဲ့ English Proficiency Test တွေပါ။
- Accuplacer
- CEFR
- Duolingo
- EIKEN
- IELTS
- PTE
- TOEFL IBT
- TOEFL PBT
| တစ်ချို့တွေကတော့ https://www.efset.org/ မှာ test (free of charge) ဝင်ဖြေပြီး advisor ကို အဲ့ဒီက certificate နဲ့ appeal လုပ်ပြီး English Composition ကို တက်စရာမလိုပဲ တန်းတက်ခွင့်ရသွားတဲ့သူတွေလဲ အများကြီးရှိပါတယ်။ |
|
| နောက်တစ်ခုက British Council က English Score app မှာ test ဖြေပြီး certificate လိုချင်ရင် 9$ လား 19$ လား မသိဘူး သွင်းရပါတယ်။ photo ပါတာနဲ့ မပါတာနဲ့ ကွာပါတယ်။ |
|
|
ဒါပေမယ့် အကြံပြုချင်တာကတော့ English Composition ကို တက်လိုက်တာကောင်းပါတယ်။ သူ့တို့ Learning Method နဲ့ familiar ဖြစ်သွားပါတယ်။ Academic Writing နဲ့ ပတ်သက်ပြီးလည်း ပြန်နွေးသလိုဖြစ်သလို၊ မသိသေးတဲ့သူတွေအတွက်လည်း လေ့လာစရာတစ်ခုဖြစ်ပါတယ်။
UOPeople enrollment တစ်ခုအတွက် အခြား TOEFL, IELTS, Duolingo ဖြေရင်တော့ charges က အနဲဆုံး ၁သိန်း ကနေ ၄/ ၅သိန်း ရှိပါမယ် (Dulingo $49, TOEFL, IELTS $200+ x ex change rate). မလိုအပ်ဘူး/ မတန်ဘူးလို့ ယူဆပါတယ်။ ကိုယ်ကိုတိုင် က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လဲ အစီအစဥ်ရှိတယ်ဆိုရင်တော့ ဖြေတာမမှားပါဘူး။ Expired လေးတွေကိုတော့ သတိပြုပါ။
လိုရာခရီးလမ်းလျှောက်လှမ်းနိုင်ကြပါစေ။