Main Pages

Friday, November 26, 2021

Notary

Certificate များနဲ့ စာရွက်စာတန်းများ ကို မြန်မာလိုမှ  အင်္ဂလိပ်လို Notary ပြန်မယ်ဆိုရင် ရှောင်ရမယ့် သူတွေကို တစ်ချက်ပြောပြချင်ပါတယ်။ 

ကိုယ်ကိုတိုင်လဲ ကျောင်းလျှောက်၊ Visa လျှောက်လုပ်ခဲ့တဲ့သူမို့လို့ နံမည် ရှိ agency တစ်ခုက ပြောပြထားတာပါ။ 

US သွားမယ် (သို့) US သံရုံးအတွက် ဆိုရင် ရှေ့နေ ဦးဘဇော် နဲ့ ဦးလှဝင်း ကို ရှောင်ဖို့ အကြံပြုထားပါတယ်။ 

ဒီ post က information ရှယ်တဲ့ post ဖြစ်ပြီး ယုံတာ မယုံတာတော့ မိမိအပိုင်းပါနော်။ သတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်။

GET GMAT, GRE, TOEFL, IELTS & LSAT Study Materials Collection

English စာလေ့လာနေတဲ့သူများအတွက် "Self-Study" က တစ်စုတစ်စည်းထဲလုပ်ထားပေးတာလေး ပြန်ရှယ်ပေးချင်ပါတယ်။

https://mega.nz/folder/ugsn3QjK#tLWblDyWbeI6erBSGmaNXg
https://mega.nz/folder/ik1nUY7Z#qAXRTfybfBv2UOXfy6K0mA


Source: Self-Study

Tuesday, November 9, 2021

Contacts

List of Email

  • Alumni Office - (alumni@uopeople.edu)
  • Career Service Center - (career.services@uopeople.edu)
  • Financial Aid Office - (financial.aid@uopeople.edu)
  • Internship Office - (internships@uopeople.edu)
  • Library Services - (library@uopeople.edu)
  • Office of Academic Affairs - (academic.affairs@uopeople.edu)
  • Office of Admissions - (admissions@uopeople.edu)
  • Office of Student Affairs - (student.affairs@uopeople.edu)
  • Office of Student Services - (student.services@uopeople.edu)
  • Outreach Office - (outreach@uopeople.edu)
  • Payments Office - (payments@uopeople.edu)
  • Program Advising Office - (advising@uopeople.edu)
  • Moodle Support - (support@uopeople.edu)

Address

595 E. Colorado Blvd., Suite 623 Pasadena, CA 91101
www.UoPeople.edu
info@uopeople.edu
Tel. +1 626 264 8880

Friday, October 29, 2021

UOPeople - English Composition 1 (ENGL 0101)

About

English Composition မှာ Task အများစုက Reading and Writing ပိုင်းများပါတယ်။ နောက်ပိုင်း week 6,7,8 လောက်မှာ Listening လေး ၁ မိနစ်ကျော်ကျော်စာလောက်ထည့်ထားပေးပါတယ်။ Final Exam လဲရောက်ရော listening ပိုင်း တော်တော်ပါတယ်လို့ပြောလို့ရပါတယ်။ College level ဝင်လာပြီဖြစ်တဲ့အတွက် paper ရေးနည်း Guideline တွေ plagiarism မထိအောင်လုပ်ရမယ့် ပုံစံတွေကို လေ့လာရပါတယ်။

Course မှာသင်ရမယ့် Unit တွေကို Course Overview မှာလဲ ဖော်ပြပေးထားပါတယ်။ 

Reading (Discussion Forum) & Writing (Written Assignment)

Short stories တွေဖတ်ပြီးတော့ review ပြန်ရေးရတဲ့အပိုင်းဖြစ်ပြီး academic paper ရေးပုံရေးနည်းကိုလေ့လာရမှာဖြစ်တယ်။ ကိုယ်ကြိုက်တဲ့ Topic တစ်ခုကို essay ရေးရမှာပါ။

Peer Assessment

Reading လုပ်ပြီး discuss လုပ်ထားတဲ့အပေါ် နဲ့ writing assignment မှာ ကျောင်းသားအချင်းချင်း အကဲဖြတ်အမှတ်ပေးရတဲ့အပိုင်းပါ ပါတယ်။ အမှန်အတိုင်းပြောရရင်တော့ UoPeople မှာ စာနဲ့ ပတ်သတ်တဲ့ pressure ထက် peer assessment က တော်တော် irritating ဖြစ်ဖို့ကောင်းပါတယ်။ နောက်ပိုင်း တစ်ဖြည်းဖြည်းနဲ့ exclude လုပ်ဖို့တော့ မျှော်လင့်ပါတယ်။ 

Learning Journal

Instructor ကို တိုက်ရိုက် တင်ရတဲ့ assignment ပါ။ သဘောကောင်းတဲ့ instructor၊ အမှတ်ပေး ကပ်စည်းမနဲတဲ့ Instructor ဆိုရင်တော့ အမှတ်ကောင်းတာပေါ့။ ဒီကနေ ရသမျှ score ရဲ့ 20% တောင်ယူတာဆိုတော့ ကောင်းကောင်းလုပ်ပြီးတင်ပါလို့။ 

-------------------------------------------------------------------------------------------------------------------

Grading

တစ်ပိုင်းချင်းဆီကနေ percentage % လိုက်အမှတ်ယူပြီး course pass/ fail ဆုံးဖြတ်ပါတယ်။ Final Exam မှာ တော့ Score 50 ရမှ အောင်ပါမယ်။


ရှေ့က discussion forum, written assignment, learning journal က အမှတ်တွေပါသယ်သွားတာပါ။ ဒီဟာတွေအမှတ်ကောင်းရင် ကောင်းသလို final exam နဲ့ပေါင်းပြီး အောင်သွားနိုင်ပါတယ်။ အမှန်တိုင်းပြောရရင် English စာ အားနည်းတဲ့သူဆိုရင် pass ဖြစ်နိုင်ချေနည်းတယ်လို့ပြောလို့ရပါတယ်။

တစ်ခု သတိထားရမှာက discussion forum နဲ့ written assignment တွေမှာ peer-to-peer assess ဖြစ်တော့ တစ်ချို့တွေ fair ဖြစ်သလို တစ်ချို့တွေက fair မဖြစ်ကြဘူး။ ကိုယ်ကလွဲပြီးသူများကိုဆို လျော့ပေးမယ်ဆိုတာတွေရှိပါတယ်။ 

Spelling, punctuation သေးသေးလေးကအစ အမှားလိုက်ရှာ၊ ထောက်ပြီး negative comment ပေးတာတွေရှိပါတယ်။

-------------------------------------------------------------------------------------------------------------------

How to Pass the Course

ကိုယ်တွေ တက်နေတုန်းကတော့ Discussion Assignment ကို မြန်ရင် မြန်နိုင်သမျှ upload လုပ်ပေမယ့်၊ peer assess တွေက ထင်သလောက်မပေးကျဘူး။ 

အဲ့တာကြောင့် deadline နီးခါမှတင်ဖြစ်တယ် - အမှတ်ပိုရတာကိုတွေ့ရပါတယ်။  deadline နီးခါမှတင်တော့ peer တွေက rate လုပ်နိုင်ဖို့ ကပ်သွားတော့ instructor က rating ပေးပါတယ်။ အဲ့အခါ အမှတ်များပါတယ်။ အထူးသဖြင့် discussion forum ပါ။ ဒါတစ်နည်း။ 

ကိုယ့် class အထဲမှာ တွေ့ခဲ့ရတာတွေပါ။ Peer to peer assess လုပ်ပြီး grade ပေးတာဆိုတော့ သူများအမှားကိုပဲ သေးသေးလေးကစ ရှာပြီး low grade ပေးမယ်၊ ငါကလွဲပဲ low grade ပေးမယ်ဆိုတာတွေကြုံရပါတယ်။ 

ကိုယ်လဲ ကောင်းကောင်းရေးတာပဲကို မရှိ ရှိတဲ့ အပြစ်ပဲ ရှာနေကြတယ်။ UOPeople ကြီးက Bulls*** ပေါ့နော်။ Withdraw လုပ်မယ်။ ကျန်တာလဲဆက်မတက်တော့ဘူးဆိုပြီးလည်း ဒီကြားထဲဖြစ်ခဲ့သေးပါတယ်။ ဒါပေမယ့်လည်း အလကားနေရင်း US education တစ်ခုရတာနဲလားပေါ့နော် ဆိုပြီး လုပ်ခဲ့လိုက်တာ Duolingo 120, English Score C1 (Advance) ရပေမယ့် UoPeople မှာတော့ Grade B နဲ့ပဲ pass ဖြစ်သွားပါတယ်။

ပြီးတော့ အကြံပေးချင်တာက discussion forum တွေမှာ သူများ topic အောက်မှာ response လုပ်မယ်ဆိုရင် သူတို့ဖြေထားတာ ဘယ်လိုကောင်းကြောင်း၊ အဲ့ကနေ ဘယ်လို့ learning ရကြောင်း၊  good job, nicely done တွေ အမွန်းတင်တာ ကိုယ့်ကိုလဲ အကောင်းမြင်နိုင်ပြီး rating ကောင်းကောင်းပေးနိုင်ပါတယ်။ Written Assignment ကတော့ anonymous ဆိုတာ peer က ပေးတဲ့ assessment ကို စိတ်တိုင်းမကျရင် instructor ကို demand လုပ်ကြည့်ပါ။ Instructor က ပြန်ညှိပေးပါတယ်။

ပြီးတော့ group ထဲက participant တစ်ချို့နဲ့ contact ရှယ်ပြီး မိတ်ဖွဲ့ချင် မိတ်ဖွဲ့ထားနိုင်ပါတယ်။

Final exam မှာ listening တွေတော်တော်များများမေးတော့ listening အားနဲတဲ့သူဆိုရင် ကိုယ်ကိုတိုင် improve လုပ်ထားမှရပါမယ်။ ငယ်ငယ်ကလို သင်တာပဲကျက် သင်ထားတာပဲမေးမယ် ဆိုတဲ့ Education ကို လျှောက်လှမ်းနေတာ မဟုတ်တော့ self-study နဲ့ self-improvement က အကောင်းဆုံးပါ။ သင်တာတွေပဲ မလုပ်ပဲ အခြား movie ကြည့်ရင် listening improve လုပ်တာတို့၊ vocab အသစ်တွေလေ့လာတာတို့လုပ်ပါ။ 

Sofía English ဘယ်လိုလေ့လာခဲ့လဲဆိုတာကိုလဲ နောက် aritcle တစ်ခု အနေနဲ့တင်ပေးသွားပါမယ်။ 

-------------------------------------------------------------------------------------------------------------------

Wednesday, August 11, 2021

UOPeople - English Proficiency

English Proficiency Requirement

English Composition ကို မသင်ချင်ဘူး course ကို တိုက်ရိုက်တန်းပြီးတက်ချင်တဲ့သူတွေအတွက် သူတို့ လက်ခံတဲ့ English Proficiency Test တွေပါ။ 
  • Accuplacer
  • CEFR
  • Duolingo
  • EIKEN
  • IELTS
  • PTE
  • TOEFL IBT
  • TOEFL PBT
တစ်ချို့တွေကတော့ https://www.efset.org/ မှာ test (free of charge) ဝင်ဖြေပြီး advisor ကို အဲ့ဒီက certificate နဲ့ appeal လုပ်ပြီး English Composition ကို တက်စရာမလိုပဲ တန်းတက်ခွင့်ရသွားတဲ့သူတွေလဲ အများကြီးရှိပါတယ်။


 
နောက်တစ်ခုက British Council က English Score app မှာ test ဖြေပြီး certificate လိုချင်ရင် 9$ လား 19$ လား မသိဘူး သွင်းရပါတယ်။ photo ပါတာနဲ့ မပါတာနဲ့ ကွာပါတယ်။




ဒါပေမယ့် အကြံပြုချင်တာကတော့ English Composition ကို တက်လိုက်တာကောင်းပါတယ်။ သူ့တို့ Learning Method နဲ့ familiar ဖြစ်သွားပါတယ်။ Academic Writing နဲ့ ပတ်သက်ပြီးလည်း ပြန်နွေးသလိုဖြစ်သလို၊ မသိသေးတဲ့သူတွေအတွက်လည်း လေ့လာစရာတစ်ခုဖြစ်ပါတယ်။ 

UOPeople enrollment တစ်ခုအတွက် အခြား TOEFL, IELTS, Duolingo ဖြေရင်တော့ charges က အနဲဆုံး ၁သိန်း ကနေ ၄/ ၅သိန်း ရှိပါမယ် (Dulingo $49, TOEFL, IELTS $200+  x ex change rate). မလိုအပ်ဘူး/ မတန်ဘူးလို့ ယူဆပါတယ်။ ကိုယ်ကိုတိုင် က နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့လဲ အစီအစဥ်ရှိတယ်ဆိုရင်တော့ ဖြေတာမမှားပါဘူး။ Expired လေးတွေကိုတော့ သတိပြုပါ။

လိုရာခရီးလမ်းလျှောက်လှမ်းနိုင်ကြပါစေ။